Posts

Showing posts with the label ဝေဘူဆရာတော်ဘုရားကြီး

ဝေဘူဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူသော တရားတော်များ

Image
Naing Htike Aung YouTube Channel တွင် လွှင့်တင်ထားရှိသည့် ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူသော တရားတော်များ ၁။ ပရိမိတ္တဇာလသုတ် တရားတော် - ဝေဘူဆရာတော်ဘုရားကြီး

ဝေဘူဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိအကျဉ်း

Image
  ဝေဘူဆရာတော်ဘုရားကြီး အရှင်ကုမာရ ထေရုပ္ပတ္တိအကျဉ်း  ( ၁၈၉၆-၁၉၇၇)   ရှင်ကုမာရ (၁၈၉၆ - ၁၉၇၇) သည် မြန်မာလူမျိုး ထေရဝါဒ ရဟန်းဖြစ်သည်။ ကျောက်ဆည်အရှေ့ဘက် ဝေဘူတောင်ခြေ၌ ဝေဘူတောရကို ထူထောင်သည်။   ငယ်ဘဝ ဝေဘူဆရာတော်ကို စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်ကြင်းပင်ရွာ၌ အဖ ဦးလူဖေ၊ အမိ ဒေါ်ကြင်နု တို့မှ ၁၈၉၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်၊ မနက် ၄ နာရီကျော်ခန့်တွင် ဖွားမြင်သည်။ ဦးလူဖေ၏ မိခင်မှာ မိဖုရားငယ်တစ်ပါးဖြစ်သည်။ အဖိုးမှာ အတွင်းဝန်တစ်ဦးဖြစ်သည်။ ဆရာတော်၏ ငယ်အမည်မှာ မောင်စပ် ဖြစ်သည်။ မွေးချင်းမောင်နှမ ၄ ဦးအနက် အကြီ:ဆုံးသားဖြစ်သည်။      အသက် ၉ နှစ်အရွယ်တွင် အင်ကြင်းပင်ကျောင်းဆရာတော် ဦးသုမနကို ဥပဇ္ဈယ်ပြုကာ သာမဏေဘဝသို့ ရောက်သည်။ ဦးသုမနသည် မင်းတုန်းမင်းနှင့် ကျောက်မှော်မိဖုရားတို့၏ ပစ္စယနုဂ္ဂဟ (ပစ္စည်းလေးပါး ထောက်ပံ့မှု) ဖြင့် ရဟန်းပြုခဲ့သူဖြစ်သည်။ အင်ကြင်းပင်ကျောင်းတိုက်သည်လည်း ဘုရင့် ဘဏ္ဍာစာရေးက ဆောက်လုပ်လှူဒါန်းထားခြင်း ဖြစ်သည်။      ဝေဘူဆရာတော်၏ သာမဏေဘွဲ့အမည်မှာ ရှင်ကုမာရ ဖြစ်သည်။ အသက် ၁၃ နှစ်အရောက်တွင် မန္တလေးမြို့နေ...