Posts

Showing posts with the label ဂုဏ်တော်ပွားများနည်း

ဂုဏ်တော်ပွားများနည်း

Image
ဗုဒ္ဓဘာသာဝင်တိုင်း နေ့စဉ် မလွဲမသွေ အမြဲတမ်း လုပ်ဆောင်ရမည့် အလုပ်သုံးမျိုးရှိ၏။ ယင်းအလုပ်များမှာ _ ( ၁)        ဒါန ( ၂)        သီလ ( ၃)        ဘာဝနာ အလုပ်များဖြစ်ကြ၏။   ဗုဒ္ဓဘာသာဝင် အများစုသည် ဒါနမှု၊ သီလမှုများကိုသာ အလုပ်များကြ၏။ ဘာဝနာမှုကိုကား လူတိုင်းမလုပ်ဖြစ်ကြပေ။ ဗုဒ္ဓဘာသာဝင်များသည် ယင်းအလုပ်သုံးမျိုးစလုံးကိုပင် နေ့စဉ်မှန်မှန် ပြုလုပ်သင့်၏။ ဗုဒ္ဓဘာသာဝင်တို့၏ ပန်းတိုင်ကား နိဗ္ဗာန်ဖြစ်၏။ ယင်းနိဗ္ဗာန်ပန်းတိုင်သို့ ရောက်ရေးအတွက် အဓိက လိုအပ်ချက်မှာ ဘာဝနာမှုပင် ဖြစ်၏။ ထို့ကြောင့် ဒါနမှု၊ သီလမှု အလုပ်ဖြင့်သာ တင်းတိမ်ရောင့်ရဲ မနေဘဲ ဘာဝနာမှုကိုလည်း နေ့စဉ်အချိန်မှန်မှန် အားထုတ်သင့်၏။ ဘာဝနာမှုသည်လည်း သမထဘာဝနာ၊ ဝိပဿနာဘာဝနာ နှစ်မျိုးရှိရာ ဗုဒ္ဓါနုဿတိ (ဂုဏ်တော်များကို ပွားများအားထုတ်ခြင်း) စသည်မှာ သမထဘာဝနာဖြစ်၏။ မြတ်စွာဘုရား၏ ဂုဏ်တော်များ၊ သံဃာတော်၏ ဂုဏ်တော်များကို အဖန်ဖန် အထပ်ထပ် အာရုံပြုနေခြင်း၊ အောက်မေ့ဆင်ခြင်နေခြင်းသည် ဂုဏ်တော် ပွားများခြင်း ဖြစ်၏။ ဂုဏ်တော်ကို သတိရနေသော စိတ်တွေ များပြာ...