ဒုက္ခဝင်္ကပါမှ လွတ်မြောက်စေသော နမောတေဂါထာတော်ကြီး

၁။    န​မော​ ​တေ ဗုဒ္ဓ ဝီရတ္ထု၊

        ဝိပ္ပမု​တ္တော သိ သဗ္ဗဓိ၊

        သမ္ဗာဓ ပဋိပ္ပ​န္နောသ္မိံ၊

        တဿ​မေ သရဏံ ဘဝ။

၂။    တထာဂတံ အရဟန္တံ၊

        စန္ဒိမာ သရဏံ ဂ​တော၊

        ရာဟု စန္ဒံ ပမုဉ္စဿု၊

        ဗုဒ္ဓါ ​လောကာနု ကမ္ပကာ။


အနက် –

ဝီရ – ကြီးမြတ်​သော လုံ့လရှိ​တော်မူထ​သော၊ ဗုဒ္ဓ – မြတ်စွာဘုရား၊ ​တေ – အရှင်ဘုရားအား၊ န​မော  ရှိခိုးခြင်းသည်၊ အတ္ထု – ဖြစ်ပါ​စေသတည်း။ သဗ္ဗဓိ – ခပ်သိမ်း​သော အ​နှောင်အဖွဲ့ အ​နှောင့်အယှက်တို့မှ၊ ဝိပ္ပမု​တ္တော – ကင်းလွတ်သည်၊ အသိ – ဖြစ်​တော်မူ၏၊ အဟံ – တပည့်​တော်သည်၊ သမ္ဗာဓ ပဋိပ္ပ​န္နော – အကျဥ်းအကျပ်သို့ ​ရောက်၍​နေသည်၊ အသ္မိံ – ဖြစ်ပါ၏၊ တဿ​မေ – ထိုတပည့်​တော်၏၊ သရဏံ – ကိုးကွယ်ရာသည်၊ ဘဝ – ဖြစ်​တော်မူပါဘုရား။

အရဟန္တံ – ပူ​ဇော်အထူးကို ခံယူ​တော်မူထိုက်​သော၊ တထာဂတံ – မြတ်စွာဘုရားအား၊ စန္ဒိမာ – လ နတ်သားသည်၊ သရဏံ – ကိုးကွယ်ရာဟူ၍၊ ဂ​တော – မှီဝဲဆည်းကပ်​လေပြီ၊ ရာဟု – ရာဟုမည်​သော အသူရိန်နတ်၊ တွံ – သင်သည်၊ စန္ဒံ – လနတ်သားကို၊ ပမုဉ္စဿု – ယခုမြန်စွာ လွှတ်လိုက်ပါ​လော့၊ ဗုဒ္ဓါ – ဘုရားရှင်တို့သည်၊ ​​လောကာနုကမ္ပကာ – သတ္တ​လောကကို ​စောင့်​ရှောက် ကယ်တင်​တော်မူတတ်ကုန်၏။


အညွှန်း –

သဂါထာဝဂ္ဂသံယုတ်ပါဠိ (သံ၊ ၁၊ ၄၈) စန္ဒိမသုတ်လာ ဂါထာဖြစ်သည်။

ဒုက္ခဝင်္ကပါမှ လွတ်​မြောက်​စေသည်။

​ဘေးအန္တရာယ် တစ်ခုခုနှင့် ရင်ဆိုင်​နေရခြင်း၊ လွတ်လမ်းမမြင် ထွက်​ပေါက်မရှိ အကျဥ်းအကျပ် ​တွေ့​နေရခြင်း၊ အ​နှောင် အဖွဲ့ ခံ​နေရခြင်း၊ မိမိဖက် ခွန်အားကြီးသူများ၊ ရာထူးကြီးသူများ၊ အာဏာရှိသူများ၊ ချမ်းသာ ကြွယ်ဝသူများက မတရား ပြုမူ​ဆောင်ရွက်ခြင်း၊ ရန်သူ အဝိုင်းခံရခြင်းအတွက် အဓိဋ္ဌာန်ဖြင့် ရွတ်ဆိုပူ​ဇော်ပါ။ 

Comments

Popular posts from this blog

ဓမ္မစကြာသုတ် ပါဠိ အနက်

မင်းကွန်းဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူသော တရားတော်များ

ပရိမိတ္တဇာလသုတ်